Yangon Region Computer Industry Association

News Detail

ရန်ကုန်တိုင်း ဒေသကြီးကွန်ပျူတာလုပ်ငန်းရှင်အသင်းသည် လက်ရှိ COVID-19 ကမ္ဘာ့ကပ်ရောဂါ (တတိယလှိုင်း) ဖြစ်ပွားနေစဥ်အတွင်း အသင်းမှ မတည်ငွေ ကျပ်သိန်း (၇၀၀)၊ Myanmar ICT Development Corporation Public Co., Ltd. မှ ပံ့ပိုးငွေ ကျပ်သိန်း (၃၀၀) နှင့် မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ် မှ ပံ့ပိုးငွေ ကျပ်သိန်း (၁၀၀) တို့ဖြင့် Oxygen Generation Plant တည်ဆောက်ကာ Oxygen များ ဖြည့်တင်းပေးခြင်းနှင့် Oxygen Cylinder အိုးများအား အသင်းဝင်ကုမ္ပဏီများ လိုအပ်သည့်အချိန်တွင် ငှားရမ်းပေးခြင်း တို့ကို ဆောင်ရွက်နိုင်ရန် စီစဥ်လျက် ရှိပါသည်။

သို့ပါ၍ အဆိုပါ အစီအစဥ်ကို စိတ်၀င်စားပြီး Oxygen လိုအပ်မှုရှိလာပါက ငှားရမ်းနိုင်ရန်အတွက်
• အသင်းသားများမှ အသင်းသို့ ဆက်သွယ် အကြောင်းကြားထားကြပါရန် နှင့်
• အသင်းမ၀င်ရသေးသည့် ကွန်ပျူတာ နှင့် ဆက်စပ်သည့် လုပ်ငန်းများ အနေဖြင့်လည်း Member Benefit များ ရရှိနိုင်စေရန်အတွက် အမြန်ဆုံး ဆက်သွယ်ပြီး အသင်း၀င် ထားကြပါရန် အသိပေးကြေငြာအပ်ပါသည်။
Contact us
Building 14, Room 604, MICT Park, Hlaing Universities’ Campus, Hlaing Tsp, Yangon.
09 425 022 976, 09 428 655 612
office@mcia-yangon.org.mm, yangonmcia@gmail.com

Scroll to Top