Donation For COVID-19
ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာလုပ်ငန်းရှင်အသင်းသည် အသက်ရှူလမ်းကြောင်းဆိုင်ရာ COVID-19 ကမ္ဘာ့ကပ်ရောဂါကြီး မြန်မာနိုင်ငံအတွင်း Second Wave ဖြစ်ပွားနိုင်မှုကို ကြိုတင်ကာကွယ်ရာတွင် တစ်တပ်တစ်အားပါဝင်ဆောင်ရွက်မှု အနေဖြင့်လည်းကောင်း၊ အခြေခံပညာကျောင်းများမှ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ လုံခြုံဘေးကင်းစွာ ကျောင်းတက်နိုင်စေရန် ရည်ရွယ်ချက်ဖြင့်လည်းကောင်း ၂၀၂၀ ခုနှစ်၊ ဩဂုတ်လ (၁၈) ရက်နေ့တွင် ဒဂုံမြို့သစ် မြောက်ပိုင်းရှိ အမှတ်(၃)၊ အခြေခံပညာအထက်တန်းကျောင်း သို့ သွားရောက်ပြီး မြို့နယ်တာဝန်ခံပညာရေးမှူးနှင့်အတူ ကျောင်းအုပ်ဆရာ၊ဆရာမ များနှင့် တွေ့ဆုံကာ “MCIA-YGN Logo ပါ Reusable Cloth Mask များ”၊ “Fog Machine (ပိုးသတ်ဆေးဖြန်းစက်) နှင့် အပိုဆေးရည်ဘူး” များ၊ “ခြေနင်းအမှိုက်ပုံးများ”အား ပေးအပ်လှူဒါန်းခဲ့ပါသည်။
“ခြေနင်းအမှိုက်ပုံး (၇၅)ပုံး” လှူဒါန်းပေးပါသော လိုရာမြန်မာကုမ္ပဏီလီမိတက်, “Fog Machine (ပိုးသတ်ဆေးဖြန်းစက်)” အား ပါဝင်လှူဒါန်းပေးပါသော ဦးမင်းဇေယျာလှိုင်၊ Myanmar Millennium Group Co., Ltd, “ပိုးသတ်ဆေးရည်ဘူး” လှူဒါန်းပေးပါသော ဦးဇေယျာဖြိုး၊ Techno Visions Co., Ltd, တို့အား အထူးပင် ကျေးဇူးတင်ရှိပါသည်။