Donation For COVID-19
ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာလုပ်ငန်းရှင်အသင်းသည် အသက်ရှူလမ်းကြောင်းဆိုင်ရာ COVID-19 ကမ္ဘာ့ကပ်ရောဂါကြီး မြန်မာနိုင်ငံအတွင်း Second Wave ဖြစ်ပွားနိုင်မှုကို ကြိုတင်ကာကွယ်ခြင်းနှင့် တိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းများတွင် တစ်တပ်တစ်အားပါဝင်ဆောင်ရွက်မှု အနေဖြင့် ၂၀၂၀ ခုနှစ်၊ ဩဂုတ်လ (၁၈) ရက်နေ့တွင် ဝေဘာဂီဆေးရုံသို့ သွားရောက်ပြီး ဆေးရုံအုပ်ကြီးနှင့် တွေ့ဆုံကာ MCIA-YGN Logo ပါ Face Shield များ၊ Surgical Mask များ၊ ဖော့ Face Shield များ၊ PPE ဝတ်စုံများနှင့် မျက်မှန်များအား ပေးအပ်လှူဒါန်းခဲ့ပါသည်။
Surgical Mask များ ဝိုင်းဝန်းလှူဒါန်းပေးပါသော ဦးမျိုးမင်းဦး၊ ဦးစိုးထွဋ်၊ ဦးဇော်မင်းအောင်၊ ဦးဇော်မျိုးလွင်ဦး၊ ဖော့ Face Shield များ လှူဒါန်းပေးပါသော ဦးဇေယျာဖြိုး၊ Techno Visions Co., Ltd, PPE နှင့် မျက်မှန်များ လှူဒါန်းပေးပါသော ဦးဇော်မင်းအောင်၊ Shwe Lamin Nagar Group of Companies တို့အား အထူးပင် ကျေးဇူးတင်ရှိပါသည်။