Yangon Region Computer Industry Association

News Detail

ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာလုပ်ငန်းရှင်အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်းတို့၏ (၂၀၁၉- ၂၀၂၀) နှစ်ပတ်လည်အထွေထွေ အစည်းအဝေး (Online) အား ၂၀၂၀ခုနှစ်၊ ဩဂုတ်လ ၂၂ ရက်နေ့တွင် ZOOM Meeting ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် ဥက္ကဋ္ဌ ဦးမင်းဇေယျာလှိုင် မှ Keynote Speech ပြောကြားပေးပြီး၊ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း ဥက္ကဋ္ဌ ဦးထွန်းခိုင်၊ မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်အသင်းဥက္ကဋ္ဌ ဦးထင်အောင်ခိုင် တို့ကလည်း အဖွင့်အမှာစကား ပြောကြားပေးခဲ့ပါသည်၊၊၊ ထို့နောက် ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာလုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ ဦးမျိုးမင်းဦး နှင့် ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်းဥက္ကဋ္ဌ ဦးအောင်စိုးမိုးတို့ကလည်း အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်၊၊ ဆက်လက်ပြီး (၂၀၁၉-၂၀၂၀)ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာလုပ်ငန်းရှင်အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်းတို့၏ ဆောင်ရွက်ချက်များအား Video Clips များဖြင့် ဖွင့်လှစ်ပြသခဲ့ပါသည်၊၊ ထိုနောက် ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာလုပ်ငန်းရှင်အသင်း၏ အတွင်းရေးမှူး ဦးမြင့်ဇော် မှ ယခုနှစ်အတွင်း ပေးအပ်မည့် MCIA-YANGON Award Title များအား ရှင်းလင်းပြောကြားခဲ့ပြီး ဆုရရှိသည့် အသင်းဝင်ကုမ္ပဏီများအား ဖတ်ပြကြေညာပေးခဲ့ပါသည်၊၊ ထိုနောက် ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာလုပ်ငန်းရှင်အသင်း၏ နှုတ်ထွက်/ခန့်အပ် အလုပ်အမှုဆောင်စာရင်းအား အတွင်းရေးမှူး ဦးမြင့်ဇော်မှလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်း၏ နှုတ်ထွက်/ခန့်အပ် အလုပ်အမှုဆောင်စာရင်းအား တွဲဖက်အတွင်းရေးမှူး(၁) ဦးမောင်မောင်ကြည်သာမှလည်းကောင်း ဖတ်ကြားတင်ပြခဲ့ပါသည်။ ဆက်လက်ပြီး ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာလုပ်ငန်းရှင်အသင်း၏ ဘဏ္ဍာရေးရှင်းတမ်းအား ဒုတိယဉက္ကဋ္ဌ (၂) ဒေါ်ခင်တိုးယဉ်မှလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်း၏ ဘဏ္ဍာရေးရှင်းတမ်းအား ဘဏ္ဍာရေးမှူး ဒေါက်တာကျော်ဆန်းဦးမှ လည်းကောင်း ဖတ်ကြားတင်ပြခဲ့ပါသည်။ ထို့နောက် အမှတ်တရဓာတ်ပုံများ ရိုက်ကူးပြီးနောက် အစည်းအဝေးအား အောင်မြင်စွာ ပြီးဆုံးခဲ့ပါသည်။

Scroll to Top