Yangon Region Computer Industry Association

News Detail

ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာလုပ်ငန်းရှင်အသင်း သည် နိုင်ငံအတွင်း ICT နှင့်ပတ်သက်သော ကဏ္ဍများဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ အသိပညာပေးလုပ်ငန်းများ နှင့် လူမှုအကျိုးပြုလုပ်ငန်းများအား အလုပ်အမှုဆောင်အဖွဲ့များမှ ကော်မတီများဖွဲ့စည်း၍ ဆောင်ရွက်လျက်ရှိပါသည်။ ယခုအခါ ယင်းလုပ်ငန်းများအား ပိုမိုတိုးချဲ့လုပ်ကိုင်နိုင်စေရန် ရည်ရွယ်၍ Working Committee အား ဖွဲ့စည်းရန် စီစဥ် ထားပါသည်။
သို့ဖြစ်ပါ၍ ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာလုပ်ငန်းရှင်အသင်းမှ အသင်းဝင်များအနေဖြင့် ကော်မတီအလုပ်အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်ရန် ဆန္ဒရှိပါက ပူးတွဲပါပုံစံတွင်ဖြည့်စွက်၍ အဆိုပြုလွှာများအား ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာလုပ်ငန်းရှင်အသင်းရုံးခန်း၊ အဆောင်(၁၄)၊ (၅)လွှာ၊ အခန်း (၆၀၄)၊ MICT Park ၊ ဖုန်း - ၀၁ ၂၃၀၅၀၃၄၊ ၀၉ ၄၂၅၀၂၂၉၇၆၊ အီးမေးလ် - yangonmcia@gmail.com သို့ (၈.၁၁.၂၀၁၉) ရက်နေ့ နောက်ဆုံးထား၍ ပြန်လည်ပေးပို့ပေးပါရန် လေးစားစွာအသိပေးအကြောင်းကြားအပ်ပါသည်။

Scroll to Top