Yangon Region Computer Industry Association

News Detail

ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာလုပ်ငန်းရှင်အသင်းသည် ၂၀၂၀ ခုနှစ်အတွက် Retreat Trip အဖြစ် ကျိုက်ထိုမြို့ရှိ Pepper Garden Resort သို့ သွားရောက်ခဲ့ကြပါသည်။
၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့ နံနက် (၁၂ :၀၀) နာရီ အချိန်တွင် MICT Park၊ Main Building မှ စတင်ထွက်ခွာခဲ့ကြပါသည်။
မနက်ခင်းပိုင်းတွင် ကျိုက်ထီးရိုးဆံတော်ရှင်မြတ်သို့ သွားရောက်ဖူးမြော်ခဲ့ကြပါသည်။
ညနေပိုင်းတွင် ဆိတ်ဖူးတောင်တောရကျောင်းနှင့် ဆိတ်ဖူးတောင်ပရဟိတဂေဟာသို့သွားရောက် လေ့လာလှုဒါန်းခဲ့ပါသည်။
ဆိတ်ဖူးတောင်ပရဟိတဂေဟာမှ ကျောင်းသားကျောင်းသူများမှလည်း ကရင်ဒုံးယိမ်းအကဖြင့် ဧည့်ခံဖျော်ဖြေခဲ့ကြပါသည်။
ညခင်းပိုင်းတွင် Pepper Garden Resort မှ ဖျော်ဖြေသော တိုင်းရင်းသားရိုးရာအကများကိုလည်း ကြည့်ရှုအားပေးခဲ့ကြပါသည်။
ဖေဖော်ဝါရီလ (၁၃) ရက်နေ့ နံနက် (၈:၀၀) နာရီအချိန်တွင် Retreat Meeting ကို စည်းဝေးကျင်းပခဲ့ပါသည်။ ၂၀၁၉ ခုနှစ်အတွင်း ကော်မတီတစ်ခုချင်းစီ၏ ဆောင်ရွက်ချက်များအား ဆွေးနွေးခြင်း၊ ပြန်လည်သုံးသပ်ခြင်း၊ 2020 Year Plan ရေးဆွဲရာတွင် ထည့်သွင်းစဉ်းစားရမည့်အချက်များအား ဆွေးနွေးခြင်း၊ ၂၀၂၀ ခုနှစ်အတွက် ကော်မတီအသီးသီး၏ Year Plan ရေးဆွဲခြင်း၊ ဆွေးနွေးတင်ပြခြင်း၊ အသင်း၏ Year Plan အား အပြီးသတ်ဆွေးနွေးခြင်း၊ အထွေထွေဆွေးနွေးခြင်း တို့ဖြင့် Retreat Meeting ကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။
ထို့နောက် ညနေ (၅:၀၀) နာရီအချိန်တွင် Pepper Garden Resort မှ ပြန်လည် ထွက်ခွာလာခဲ့ကြပါသည်။ အပြန်ခရီးအတွင်း Pearl Nature Resort သို့ ဝင်ရောက်လေ့လာခဲ့ကြပါသည်။
MICT Park၊ Main Building သို့ ည (၁၀:၀၀) နာရီအချိန်တွင် ပြန်လည်ရောက်ရှိလာကာ Retreat Trip ကို အောင်မြင်စွာ ပြီးဆုံးခဲ့ကြပါသည်။

Scroll to Top