(၂၀၁၉-၂၀၂၀)ပညာသင်နှစ် ပထမနှစ်ဝက် (First Semester) အတွက် ပညာသင်ထောက်ပံ့ကြေးများ ပေးအပ်သည့် အခမ်းအနား
ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာလုပ်ငန်းရှင်အသင်းနှင့် အသင်းဝင်ကုမ္ပဏီများမှပူးပေါင်း၍ သတင်းအချက်အလက်နည်းပညာတက္ကသိုလ် (UIT) နှင့် ရန်ကုန်နည်းပညာတက္ကသိုလ် (YTU)၊ ကွန်ပျူတာအင်ဂျင်နီယာနှင့် သတင်းအချက်အလက်နည်းပညာဌာန (CEIT) မှ ပညာထူးချွန်ပြီးနွမ်းပါးသော ကျောင်းသား/သူများအား (၂၀၁၉-၂၀၂၀)ပညာသင်နှစ် ပထမနှစ်ဝက် (First Semester) အတွက် ပညာသင်ထောက်ပံ့ကြေးများ ပေးအပ်သည့် အခမ်းအနားကို ၂၀၂၀ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့၊ ညနေ (၂:၀၀)နာရီ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာလုပ်ငန်းရှင်အသင်း၏ ရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဤအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာလုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ ဦးမျိုးမင်းဦးမှ အဖွင့်အမှာစကားပြောကြားခြင်း၊ Public Relations Committee ဥက္ကဋ္ဌ ဦးမင်းကိုကိုမှ ပညာသင်ထောက်ပံ့ကြေးအစီအစဉ်ကို ရှင်းလင်းတင်ပြခြင်းနှင့် ပညာသင်ထောက်ပံ့ကြေး ရရှိသော ကျောင်းသားကျောင်းသူများမှ အသင်းသို့ ပြန်လည်ပေးပို့ရမည့် Assignment များကို ရှင်းပြခြင်းနှင့် English Writing များကို မဲနှိုက်ရွေးချယ်ခြင်း၊ သတင်းအချက်အလက်နည်းပညာတက္ကသိုလ် (UIT) ပါမောက္ခချုပ် ဒေါက်တာစောစန္ဒာအေးမှ ကျောင်းသားများကိုယ်စား ကျေးဇူးတင်စကားပြောကြားခြင်း၊ အလှုရှင်တစ်ဦးဖြစ်သော One Cloud Co., Ltd. မှ ရန်ကုန်နည်းပညာတက္ကသိုလ် (YTU), ကွန်ပျူတာအင်ဂျင်နီယာနှင့်သတင်းအချက်အလက်နည်းပညာဌာန (CEIT) ကျောင်းသားကျောင်းသူ (၅)ဦးအတွက် ပညာသင်ထောက်ပံ့ကြေး ပေးအပ်ခြင်း၊ ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာလုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ ဦးမျိုးမင်းဦးမှ သတင်းအချက်အလက်နည်းပညာတက္ကသိုလ် (UIT) ကျောင်းသားကျောင်းသူ (၁၀)ဦးအတွက် ပညာသင်ထောက်ပံ့ကြေး ပေးအပ်ခြင်း၊ အမှတ်တရဓာတ်ပုံများ ရိုက်ကူးခြင်းတို့ဖြင့် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။
ဤအစီအစဉ် ဖြစ်မြောက်ရန်အတွက် အလှုရှင်များအဖြင့်ပံ့ပိုးကူညီပေးကြပါသော Shwe Lamin Nagar Co.,Ltd. ၊ Nadi Myanmar Co.,Ltd. ၊ King Royal Co.,Ltd. ၊ Technoland Computer Trading Co.,Ltd.¬ ၊ Zeya & Associates Co.,Ltd. ၊ One Cloud Co.,Ltd. ၊ Spring Technologies & Systems Co., Ltd.၊ GNE Co., Ltd တို့အား ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာလုပ်ငန်းရှင်အသင်းမှ အထူးပင်ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။
