Yangon Region Computer Industry Association

News Detail

ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာလုပ်ငန်းရှင်အသင်း မှ ကြီးမှူးကျင်းပသော “Advance Your Business With Digital Transformation” ICT Talk အခမ်းအနားကို ၂၀၁၉ခုနှစ်၊ သြဂုတ်လ (၁၀) ရက်၊ (စနေနေ့) နေ့လည် (၂းဝ၀) နာရီတွင် MICT Park ရှိ Conference Hall ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဤအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာလုပ်ငန်းရှင်အသင်း ဥက္ကဌ ဆရာဦးမျိုးမင်းဦးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် နာယက ဆရာကြီးဦးသိန်းဦးမှ “Digital Transformation” အကြောင်း presentation နှင့်အတူ Keynote Speech ကို ပြောကြားပေးခဲ့ပါသည်။ ထို့နောက် Moderator ဖြစ်သော ဆရာဦးအောင်ဇေယျာလွင် ( Founder & CEO၊ InyaLand Co., Ltd)၊ Panelist များ ဖြစ်ကြသော ဒေါက်တာထွန်းသူရသက် ( Founder & CEO၊ Myanmar Information Technology Pte Ltd)၊ ဦးသိန်းလွင် ( Founder & CEO၊ Value Growth Consulting Ltd)၊ ဦးစိုးကိုကို ( General Manager၊ Head of Agent Banking၊ (KBZ Pay) KBZ Bank)၊ ဒေါက်တာသက်သက်ခိုင် ( Managing Director၊ Shwe Nan Daw (Golden Palace)၊ Gold & Jewellery) တို့မှ ICT Talk စကားဝိုင်းကို ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော ဧည့်သည်တော်များမှ မေးမြန်းသည်များကိုလည်း ပြန်လည်ဖြေကြားပေးခဲ့ကြပါသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာလုပ်ငန်းရှင်အသင်းမှ Public Relations Committee’s Chairman ဆရာဦးမင်းကိုကိုမှ ကျေးဇူးတင်စကားပြောကြားခြင်း၊ ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာလုပ်ငန်းရှင်အသင်းမှ တွဲဖက်အတွင်းရေးမှူး(၃) ဆရာဦးစိုးထွဋ်မှ Speaker များကို အမှတ်တရလက်ဆောင်ပေးခြင်း၊ ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာလုပ်ငန်းရှင်အသင်း ဥက္ကဌ ဆရာဦးမျိုးမင်းဦးမှ Lucky Draw များအဖြစ် 20% Discount Coupon (3) စောင်၊ Inverter (1) လုံး၊ Bagan Sense Hotel တွင် နှစ်ယောက်ခန်းအတွက် နှစ်ညအခမဲ့တည်းခိုခွင့် လက်မှတ် (1)စောင်၊ QNE Software Copy (1) ခွေ တို့အား မဲနှိုက်ရွေးချယ်ပေးခဲ့ပါသည်။ ထို့နောက် အမှတ်တရဓာတ်ပုံများ ရိုက်ကူးခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာ ပြီးဆုံးခဲ့ပါသည်။
ဤအခမ်းအနားတွင် Gold Sponsor အဖြစ် ပါဝင်အားဖြည့်ခဲ့သောKBZ Pay၊ Siver Sponsor အဖြစ် ပါဝင်အားဖြည့်ခဲ့သောShwe Lamin Nagar Group of Companies နှင့် Innovix Solutions Co., Ltd ၊ Venue Sponsor အဖြစ် ပါဝင်အားဖြည့်ခဲ့သော MICTDC၊ Small Booth ပြခန်းများအဖြစ် ပါဝင်အားဖြည့်ခဲ့သော T3K Technology Co., Ltd, QNE Software Myanmar, Myanmar ShweTech Co., Ltd, Bee Data Myanmar Co., Ltd, Myanmar Information Technology Pte Ltd, Ability Software Co., Ltd, Citicom တို့အား ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာလုပ်ငန်းရှင်အသင်းမှ အထူးပင်ကျေးဇူးတင်ရှိပါသည်။

Scroll to Top