Yangon Region Computer Industry Association

News Detail

ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာလုပ်ငန်းရှင်အသင်းမှ ပြည်နယ်နှင့်တိုင်းဒေသကြီးအားလုံးရှိ ကွန်ပျူတာလုပ်ငန်းရှင်အသင်းဝင်များနှင့် MCIA Member Benefit Program တွင် MOU လက်မှတ်ရေးထိုးပူးပေါင်းပါဝင်ပေးကြပါသော စီးပွားရေးလုပ်ငန်းရှင်များ အားလုံးသုံးစွဲနိုင်ရန်အတွက် Yangon-MCIA မှပြုလုပ်ထားသော MCIA Privilege Mobile Application အသုံးပြုပုံများအားရှင်းလင်းပြသခြင်းနှင့် မိတ်ဆက်ခြင်းပွဲအခမ်းအနားအား ယနေ့ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ၊ (၂၀) ရက်နေ့ (စနေနေ့)၊ နံနက် (၁၀:၀၀) တွင် Zoom မှတဆင့်ကျင်းပပြုလုပ်ခဲ့ပါသည်။
ထိုပွဲ၌ မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌဦးအောင်ကျော်မိုးမှ နှုတ်ခွန်းဆက် အမှာစကားပြောကြားပေးခဲ့ပါသည်။
ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာလုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌဦးမြင့်ဇော်မှလည်း အဖွင့်အမှာစကား ပြောကြားပေးခဲ့ပြီး ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာလုပ်ငန်းရှင်အသင်း၏ အတွင်းရေးမှူး ဖြစ်သော ဒေါက်တာဒေါ်မြမြလွင်မှ Application ပြုလုပ်ရသည့်ရည်ရွယ်ချက်အားရှင်းလင်းပြောကြားခဲ့ပါသည်။
ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာလုပ်ငန်းရှင်အသင်း၏ ICT Development Committee ဥက္ကဋ္ဌ ဒေါက်တာဦးကျော်ဖြိုးလင်းမှလည်း App အသုံးပြုပုံများ၊ Zoom ဖြင့်တက်ရောက်ပေးကြပါသော လူကြီးမင်းများမေးမြန်းသော မေးခွန်းများအား ပြန်လည်ဖြေကြားခဲ့ပါသည်။
MOU Company များကိုယ်စား Gandamar Business Solutions Co., Ltd. မှ Managing Director ဒေါ်ကြူကြူမှ ကျေးဇူးတင်စကားပြောကြား၍ ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာလုပ်ငန်းရှင်အသင်းကိုယ်စား Member Development Committee ဥက္ကဋ္ဌ ဦးသိန်းဆွေမှ ပွဲဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းကူညီပံ့ပိုးပေးကြပါသော ဗဟိုအလုပ်အမှုဆောင်များ၊ အလုပ်အမှုဆောင်များ၊ ရုံးအဖွဲ့ နှင့် Online ဖြင့်တက်ရောက်ချီးမြှင့်ပေးကြပါသော Company များမှ လူကြီးမင်းများအား အထူးပင် ကျေးဇူးတင်ရှိကြောင်း ပြောကြားရင်း ပွဲအခမ်းအနားအား အောင်မြင်စွာရုတ်သိမ်းခဲ့ပါသည်။
လေးစားစွာဖြင့်
ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာလုပ်ငန်းရှင်အသင်း

Scroll to Top