Yangon Region Computer Industry Association

News Detail

ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာလုပ်ငန်းရှင်အသင်း
(Yangon Region Computer Industry Association – Yangon-MCIA)
နှင့်
မြန်မာနိုင်ငံ AOTS ကျောင်းသားဟောင်းများအသင်း
(Myanmar AOTS Alumni Association - MAAA)
တို့အကြား နားလည်မှုသဘောတူစာချုပ်ရေးထိုးပွဲအား ယနေ့ (၂၀၂၂) ခုနှစ်၊ စက်တင်ဘာလ (၂၂) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာလုပ်ငန်းရှင်အသင်းရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
နှစ်ဖက်အသင်းမှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်များ၊ အလုပ်အမှုဆောင်များ စုံညီစွာတက်ရောက်ခဲ့ကြပါသည်။
ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာလုပ်ငန်းရှင်အသင်း၏ အထွေထွေအတွင်းရေးမှူး ဒေါက်တာဒေါ်မြမြလွင်မှ နားလည်မှု သဘောတူစာချုပ်ချုပ်ဆိုရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းတင်ပြပြီးနောက်တွင်
နှစ်ဖက်အသင်း၏ ဥက္ကဋ္ဌ နှစ်ဦးမှ နားလည်မှုသဘောတူစာချုပ်အား အ​ပြန်အလှန် လက်မှတ်ရေးထိုးခဲ့ကြပါသည်။
အသိသက်သေများနေရာ၌ နှစ်ဖက်အသင်း၏ ဒုတိယ ဥက္ကဋ္ဌ များမှ လက်မှတ်ရေးထိုးခဲ့ကြပါသည်။
ထို့နောက် Myanmar AOTS Alumni Association မှ ဥက္ကဋ္ဌ ဒေါ်အေးအေးမူမှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ဆက်လက်၍ Yangon Region Computer Industry Association မှ ဥက္ကဋ္ဌ ဦးမြင့်ဇော်မှ ကျေးဇူးတင်စကားပြောကြားပြီး အခမ်းအနားအား အောင်မြင်စွာရုတ်သိမ်းခဲ့ကြပါသည်။

Scroll to Top