Yangon Region Computer Industry Association

Event Detail

“စီးပွားရေးစတုတ္တလှိုင်း...Business 4.0:Innovate Your Business with AI, Blockchain, IoT & Big Data”
#ICT_Talk_Panel_Discussion

#Objective
ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာလုပ်ငန်းရှင်အသင်းသည် ရန်ကုန်တိုင်းဒေသကြီးအတွင်း ICT နှင့် ပတ်သက်သောလုပ်ငန်းများ၊ နည်းပညာများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ပြည်သူများထံသို့ ICT နှင့်သက်ဆိုင်သောအသိပညာ၊ဗဟုသုတများ ဖြန့်ဝေပေးနိုင်ရန် ရည်ရွယ်ပါသည်။
#Event_Time
ဤအခမ်းအနားကို ၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလ (၇)ရက်နေ့တွင် MICT Park, Main Building ရှိ Conference Hall ၌ နေ့လည် (၃:၀၀)နာရီမှ ညနေ (၅:၀၀)နာရီအထိ ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။
#Specials_For_Guest
ဧည့်သည်တော်များအနေဖြင့် နေ့လည် (၂:၀၀)အချိန် မှစ၍
* Registration ပြုလုပ်ခြင်း၊
* အမှတ်တရလက်ဆောင်များ ရယူခြင်း၊
* တည်ခင်းဧည့်ခံထားသော ကော်ဖီနှင့် မုန့်များသုံးဆောင်ခြင်း၊
* ခင်းကျင်းပြသထားသော Sponsor Booth များ၊ Small Booth များကို လှည့်လည်ကြည့်ရှုခြင်း၊
* ပထမဆုံး Register ပြုလုပ်မည့် ဧည့်သည်တော်များအတွက် Gift Sharing Program
* Lucky Draw အတွက် ကံစမ်းမဲထည့်ခြင်းများ ပြုလုပ်နိုင်မည်ဖြစ်သည်။
Speaker များ၏ ဆွေးနွေးပွဲများ ပြီးဆုံးချိန်တွင် (Inverter +Battery)တစ်စုံ၊ (650 VA UPS) နှစ်လုံး၊ (O-Shabu Gold Buffet ticket နှစ်ယောက်စာ) တစ်စောင်၊ Kaspersky Antivirus နှင့် Software များ၊ အခြားစိတ်ဝင်စားဖွယ်ရာ လက်ဆောင်များကို Lucky Draw ကံစမ်းမဲများအဖြစ် မဲဖောက်ပေးသွားမည် ဖြစ်သည်။
#Unicode_Migration_Team
ဤအခမ်းအနားကျင်းပနေချိန်အတွင်း ဧည့်သည်တော်များ၏ ဖုန်းများ၊ တက်ဘလက်များ၊ Laptop များကို Unicode စံစနစ်သို့ လွယ်ကူစွာ ကူးပြောင်းနိုင်ရေးအတွက် အခမဲ့ဝန်ဆောင်မှုပေးမည့် Unicode Migration Team ၏ Booth တစ်ခုလည်း ပါဝင်မည်ဖြစ်ပါသည်။
#Partner_and_Sponsors_by
**Media Partner အဖြစ် Fortune TV မှ ပါဝင်အားဖြည့်ထားပါသည်။
**Venue Sponsor အဖြစ် MICTDC မှ ပါဝင်ပံ့ပိုးပေးထားပါသည်။
**Silver Sponsor အဖြစ် Merry Mesh Network Integration Co., Ltd မှ ပါဝင်ပံ့ပိုးပေးထားပါသည်။

Scroll to Top