Yangon Region Computer Industry Association

Event Detail

ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာလုပ်ငန်းရှင်အသင်း (Yangon-MCIA) မှ ကြီးမှူးကျင်းပပြုလုပ်သော "AI Training" သင်တန်းအောင်မြင်စွာ ပြီးစီး

ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာလုပ်ငန်းရှင်အသင်း (Yangon-MCIA) မှကြီးမှူး၍ ရန်ကုန်တက္ကသိုလ်ရှိ ဆရာ၊ ဆရာမများအား AI နည်းပညာနှင့်ပတ်သက်ပြီး အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်ကာ ပညာဒါနအနေဖြင့် “AI Training” အား
ရက်စွဲ။ ။ ၂၀၂၆ ခုနှစ်၊ သြဂုတ်လ (၆) ရက် (ကြာသပတေးနေ့)
အချိန်။ ။ နံနက် (၉) နာရီမှ ညနေ (၅) နာရီအထိ
နေရာ။ ။ ရန်ကုန်တက္ကသိုလ်၊ ပင်လုံခန်းမ
တို့တွင် စာတွေ့လက်တွေ့ အောင်မြင်စွာ သင်ကြားပေးခဲ့ပါသည်။

အဖွင့်အမှာစကားနှင့် ကြိုဆိုနှုတ်ခွန်းဆက်
ပထမဦးစွာ ရန်ကုန်တက္ကသိုလ်၏ ဒုတိယပါမောက္ခချုပ်(သင်တန်း)၊ ဆရာမကြီး ဒေါက်တာနီလာကြူ နှင့် ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာလုပ်ငန်းရှင်အသင်း (Yangon-MCIA) ၏ ဥက္ကဌဖြစ်သူ ဒေါ်ခင်တိုးယဉ်တို့မှ အဖွင့်အမှာစကားနှင့် နှုတ်ခွန်းဆက်စကားတို့အား အသီးသီးပြောကြားခဲ့ကြပါသည်။

သင်ကြားပို့ချပေးသည့် ဆရာ
သင်ကြားပေးသည့်ဆရာမှာ နယ်ပယ်အသီးသီးမှ ပြည်တွင်း၊ ပြည်ပအတွေ့အကြုံရှိ ကျွမ်းကျင်ဆရာဖြစ်သော ဒေါက်တာကျော်ဖြိုးလင်း (အတွင်းရေးမှူး၊ Yangon-MCIA) ဖြစ်ပါသည်။

သင်ကြားပေးခဲ့သော Modules များ
သင်တန်းတွင် လုပ်ငန်းခွင်အမှန်တကယ် အသုံးချနိုင်မည့် အောက်ပါ Module (5) ခုအား အသေးစိတ် သင်ကြားပြသပေးခဲ့ပါသည်။
• Module 1: AI Fundamentals & Prompt Engineering
• Module 2: Google Gemini & Custom Gems
• Module 3: NotebookLM for Business Intelligence
• Module 4: AI Powered Presentation
• Module 5: AI Image, Video and Music Creation
သင်တန်းသို့ ရန်ကုန်တက္ကသိုလ်မှ ဆရာ၊ ဆရာမ (၃၂) ဦး တက်ရောက်ခဲ့ကြပါသည်။

ကျေးဇူးတင်လွှာ
• သင်တန်းဖြစ်မြောက်ရန်အတွက် နေရာနှင့်လိုအပ်သည်များ ကူညီပေးခဲ့ပါသော ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ် ဆရာကြီး ဒေါက်တာ‌သောင်းထိုက်၊ ဒုတိယပါမောက္ခချုပ်(သင်တန်း)၊ ဆရာမကြီး ဒေါက်တာနီလာကြူ နှင့် ရန်ကုန်တက္ကသိုလ်မှ ဆရာ၊ ဆရာမများအားလည်းကောင်း၊
• သင်တန်းအား ပညာဒါနအနေဖြင့် သင်ကြားပေးခဲ့ပါသော ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာလုပ်ငန်းရှင်အသင်း (Yangon-MCIA) ၏ အတွင်းရေးမှူး၊ ဒေါက်တာကျော်ဖြိုးလင်း အားလည်းကောင်း၊ ဝိုင်းဝန်းအားဖြည့်​ပေးပါ​သော တွဲဖက်အတွင်းရေးမှူးဖြစ်သူ ဦးသူရိန်ထွန်းအားလည်းကောင်း၊
• သင်တန်းဖြစ်မြောက်ရန်အတွက် အဘက်ဘက်မှ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြပါသော ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာလုပ်ငန်းရှင်အသင်းမှ အလုပ်အမှုဆောင် ဆရာ၊ ဆရာမများအားလည်းကောင်း ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာလုပ်ငန်းရှင်အသင်း (Yangon-MCIA) မှ အထူးပင်ကျေးဇူးတင်ရှိပါသည်။

လေးစားစွာဖြင့်
ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာလုပ်ငန်းရှင်အသင်း

Scroll to Top