Yangon-MCIA & SEAP SCM (MoU Signing Ceremony)
*ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာလုပ်ငန်းရှင်အသင်း (Yangon-MCIA) နှင့် Centre for Regional and Southeast Asian Studies, Myanmar တို့အကြား အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုး*
*၂၀၂၆ ခုနှစ်၊ ဇွန်လ (၁၈) ရက်၊ Yangon-MCIA Office Room*
နည်းပညာကဏ္ဍ အရှိန်အဟုန်ဖြင့် ဖွံဖြိုးတိုးတက်လာစေရန်နှင့် ခေတ်ရှေ့ပြေးနေသော ဉာဏ်ရည်တု (AI) နည်းပညာရပ်များကို ဒေသတွင်း၌ ပိုမိုကျယ်ပြန့်စွာ အသုံးချနိုင်ရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာလုပ်ငန်းရှင်အသင်း (Yangon-MCIA) နှင့် Centre for Regional and Southeast Asian Studies, Myanmar တိုသည် AI (Artificial Intelligence) Technology ဆိုင်ရာ အပြန်အလှန် အကျိုးပြုမည့် ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာ (MoU) အား အောင်မြင်စွာ လက်မှတ်ရေးထိုးခဲ့ကြသည်။
*အဓိက ဆွေးနွေးဆုံးဖြတ်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များ*
*AI နည်းပညာ ပြန့်ပွားရေးနှင့် အသိပညာစွမ်းရည် မြှင့်တင်ခြင်း*
အဆိုပါ ပူးပေါင်းဆောင်ရွက်မှုအရ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ICT လုပ်ငန်းရှင်များ၊ နည်းပညာရှင်များနှင့် ကျောင်းသား/ ကျောင်းသူများ၏ AI ဆိုင်ရာ အသိပညာနှင့် ကျွမ်းကျင်မှု စွမ်းရည်များကို အဆင့်မြှင့်တင်ပေးနိုင်ရန်အတွက် သင်ရိုးညွှန်းတမ်းများနှင့် နည်းပညာဆိုင်ရာ အကူအညီများကို နှစ်ဖက်အဖွဲအစည်းများအကြား အပြန်အလှန် ဖလှယ်သွားကြရန် သဘောတူညီခဲ့ကြသည်။ ၎င်းပြင် အဖွဲအစည်း တစ်ခုနှင့်တစ်ခုအကြား လှုပ်ရှားဆောင်ရွက်မှု (Activities) ဆိုင်ရာ သတင်းအချက်အလက်များကိုလည်း လိုအပ်သလို အပြန်အလှန် မျှဝေပေးသွားမည် (Information Sharing) ဖြစ်သည်။
*လုပ်ငန်းခွင်နှင့် ပညာရေး ချိတ်ဆက်မှု မြှင့်တင်ပေးပြီး
နည်းပညာကဏ္ဍတွင် အမှန်တကယ် လိုအပ်နေသော လူသားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရန်၊*
အလုပ်အကိုင် အခွင့်အလမ်းများနှင့် လုပ်ငန်းခွင်အခြေပြု ပညာရေးချိတ်ဆက်မှုများကို ပိုမိုအားပေးမြှင့်တင်သွားရန် ရည်ရွယ်ခြင်းဖြစ်ပါသည်။
*နိဂုံး*
ယခုကဲ့သို AI နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုသည် Yangon-MCIA အသင်းဝင် လုပ်ငန်းရှင်များနှင့် လူငယ်နည်းပညာရှင်များအတွက် နည်းပညာရပ်များကို လက်လှမ်းမီ လေ့လာနိုင်မည့် အခွင့်အလမ်းကောင်းများ သယ်ဆောင်လာပေးမည် ဖြစ်သည်။ အသင်းအနေဖြင့် နည်းပညာလုပ်ငန်းရှင်များနှင့် အဖွဲဝင်များ၏ စွမ်းဆောင်ရည် မြင့်မားလာစေရန် ရှေ့ဆက်၍လည်း ဒစ်ဂျစ်တယ်ကူးပြောင်းခြင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို စဉ်ဆက်မပြတ် ဖော်ဆောင်ပေးသွားမည်ဖြစ်ရာ အသင်းဝင်များအနေဖြင့် တက်ကြွစွာ ပူးပေါင်းပါဝင်ကြပါရန် တိုက်တွန်းနှိးဆော်အပ်ပါသည်။
