" ကျန်းမာရေးနှင့် ICT "
ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာလုပ်ငန်းရှင်အသင်းသည် COVID-19 Second Wave ကို ခုခံကာကွယ် တိုက်ဖျက်ရာတွင် ရှေ့တန်းမှ တိုက်ပွဲဝင်နေသော ဆရာဝန်များ၊ ကျန်းမာရေးလုပ်သားများအား ICT နည်းပညာဖြင့် တစ်ဖက်တစ်လမ်းမှ ဝိုင်းဝန်း ပါဝင် ကူညီဆောင်ရွက်ပေးနိုင်ရန်နှင့် မြန်မာနိုင်ငံ ပြည်သူပြည်သားများ သိရှိအပ်သည့် COVID-19 နှင့်ပတ်သက်သော ရှောင်ရန် ဆောင်ရန် ကိစ္စရပ်များ၊ လိုက်နာရမည့် တာဝန်ဝတ္တရားများအကြောင်းတို့ကို " ကျန်းမာရေးနှင့် ICT " ခေါင်းစဥ်ဖြင့် စုပေါင်း ဝိုင်းဝန်း ဆွေးနွေးကြမည့် ICT Talk Online panel discussion ဆွေးနွေးပွဲအား စက်တင်ဘာလ (၂၇)ရက်၊ တနင်္ဂနွေနေ့ နေ့လည် (၁:၀၀) မှ (၃:၀၀)နာရီအထိ ZOOM App မှတဆင့် ကျင်းပပြုလုပ်မည်ဖြစ်ပြီး MCIA-Yangon Facebook Page (https://www.facebook.com/MCIA.Yangon/) မှ တိုက်ရိုက် Live ထုတ်လွှင့်သွားမည်ဖြစ်ပါသည်။
ဤဆွေးနွေးပွဲတွင်
Moderator အဖြစ်
U Zayar Phyo @Jack Chen
(MD/ Technovisions Co., Ltd) မှ ဦးဆောင်ဆွေးနွေးပေးမည် ဖြစ်ပြီး
Panelist များ အဖြစ်
1) Dr.Tun Thura Thet
(Founder & CEO/Myanmar Information Technology Pte Ltd)
2) Dr.Khin Khin Gyi
(Director/Ministry of Health and Sports)
3) Dr.Tin Aung Kyaw
(Assistant Director/Yangon General Hospital)
4) Dr.Htet Zan Linn
(CEO/OnDoctor Company Limited) တို့မှ ပါဝင် ဆွေးနွေးကြမည် ဖြစ်သည်။
ဤဆွေးနွေးပွဲအား Sponsor များအဖြစ်
(1) Loyar Myanmar Co., Ltd,
(2) Pyei Sone Hein Group of Companies
(3) Citicom IT & Mobile Sale & Services,
(4) MBC Training Center
(5) Shwe Lamin Nagar Group of Companies တို့မှ ပါဝင်ပံ့ပိုးပေးထားပါသည်။