Yangon Region Computer Industry Association

News Detail

ယခုကဲ့သို့သော အကျပ်အတည်းကာလအတွင်း စီးပွားရေးလုပ်ငန်းများအနေဖြင့် Online ကိုပိုမိုအခြေပြုကာ စျေးကွက်ချဲ့ထွင်ခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်းများကို ပြုလုပ်လာကြရပါသည်။ ထို့အတွက် Yangon MCIA ၏ ICT Development Committee အနေဖြင့်အသင်းဝင်လုပ်ငန်းရှင်များ၏ လုပ်ငန်းများ လုပ်ဆောင်ရာတွင် ပိုမိုထိရောက်စေရန်အတွက် အရေးကြီးသည့် Digital Marketing နှင့်ဆိုင်သော သိသင့်သိထိုက်သည့်အချက်များကို ဆွေးနွေးပေးသွားနိုင်ရန် စီစဥ်ထားရှိပါသည်။ ထို့အတွက် “ How to Improve your Digital Market” ခေါင်းစဥ်ဖြင့် ICT Talk ပြုလုပ်ဆွေးနွေး‌ပေးသွားမည်ဖြစ်ပါသည်။ ဆွေးနွေးသွားမည့်အကြောင်းအရာများအနေဖြင့်-
-Web Presence Solution
မိမိလုပ်ငန်းကို Digital Platform အသီးသီးတွင်လူသိများလာစေရန်အတွက် လုပ်ဆောင်ထားသင့်သည့်အချက်များနှင့် ဆောင်ရန် ရှောင်ရန်များ
-SEO Tips
Search Engine Optimization နည်းစနစ်များဖြင့် မိမိလုပ်ငန်း၏အမည်/Website များကို Google Ranking မြင့်မားစွာြဖင့် မိမိ Customer များ တွေ့ရှိနိုင်စေရန် စီစဥ်ထားရှိခြင်း နည်းလမ်းများ
-Facebook User Value Signal
Facebook AI ၏ Personal Value သတ်မှတ်ချက်အကြောင်း သိကောင်းစရာများကို
ဆွေးနွေးပေးသွားမည်ဖြစ်ပါသည်။

Scroll to Top