ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာလုပ်ငန်းရှင်အသင်း နှင့် ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်းတို့၏ "အလုပ်အမှုဆောင်အဖွဲ့ ရာထူးတာဝန်လွှဲပြောင်းပွဲလက်ခံခြင်းအခမ်းအနား"
ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာလုပ်ငန်းရှင်အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်းတို့၏ (၂၀၁၈-၂၀၂၀) အလုပ်အမှုဆောင်သက်တမ်းမှ (၂၀၂၁-၂၀၂၃) အလုပ်အမှုဆောင်သက်တမ်းသို့ အလုပ်အမှုဆောင်ရာထူးတာဝန်လွှဲပြောင်းပွဲအခမ်းအနားအား ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၂၆) ရက်၊ နေ့လည် (၁း၀၀) နာရီအချိန်တွင် Zoom Meeting မှတစ်ဆင့်ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားအား မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် နာယကဆရာဦးသိန်းဦး မှ အမှာစကားပြောကြားခြင်းဖြင့် စတင်ခဲ့ပါသည်။ ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာလုပ်ငန်းရှင်အသင်းမှ ငွေစာရင်းရှင်းတမ်းအား ဘဏ္ဍာရေးမှူး ဒေါ်မြသန္တာမောင်မှ ရှင်းလင်းတင်ပြခဲ့ပြီး ဆောင်ရွက်ခဲ့သော အစီအစဉ်များအား အတွင်းရေးမှူးဦးမြင့်ဇော်မှ တင်ပြခဲ့ပါသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်းမှ ငွေစာရင်းရှင်းတမ်းနှင် ဆောင်ရွက်ခဲ့သော အစီအစဉ်များအား ဘဏ္ဍရေးမှူး ဒေါက်တာကျော်ဆန်းဦးမှ ဖတ်ကြားတင်ပြခဲ့ပါသည်။
ဆက်လက်၍ (၂၀၂၁-၂၀၂၃) ခုနှစ်အတွက် ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာလုပ်ငန်းရှင်အသင်း နှင့် ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်းတို့၏ အလုပ်အမှုဆောင်ကော်မတီအဖွဲ့သစ်များထံ လွှဲပြောင်းပေးအပ်မည့်တာဝန်နှင့် အသင်းပိုင်ဆိုင်မှုစာရင်းများကို လက်မှတ်ရေးထိုး လွှဲပြောင်းလက်ခံခဲ့ကြပါသည်။
ထို့နောက် (၂၀၂၁-၂၀၂၃) ခုနှစ်သက်တမ်းအတွက် ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာလုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ ဦးမြင့်ဇော်မှ နှုတ်ခွန်းဆက်အမှာစကားပြောကြားခြင်း၊ ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်း ဥက္ကဋ္ဌ ဦးဝင်းထွန်းမှ နှုတ်ခွန်းဆက်အမှာစကားပြောြကားခဲ့ကြပါသည်။ ဆက်လက်ပြီး ရန်ကုန်ကွန်ပျူတာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမီမီသက်သွင်၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် နာယက ဦးခွန်ဦး၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် နာယက ဦးသိန်းဦးတို့မှ အမှာစကားများ ပြောကြားခဲ့ပြီးနောက် အလုပ်အမှုဆောင်အဖွဲ့သစ်များနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြပြီး နေ့လည် (၂း၃၀) နာရီအချိန်တွင် အခမ်းအနားကိုအောင်မြင်စွာ ပြီးဆုံးခဲ့ပါသည်။