Yangon Region Computer Industry Association

News Detail

ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာလုပ်ငန်းရှင်အသင်း၏ (၂၀၂၁-၂၀၂၃) ခုနှစ် အလုပ်အမှုဆောင်သက်တမ်းအတွက် အလုပ်အမှုဆောင်ရွေးကောက်တင်မြှောက်ပွဲအား (၂၀၂၁ခုနှစ်၊ ဇန်နဝါရီလ (၉) ရက်နေ့ နံနက် (၁၀း၀၀)နာရီအချိန်တွင် ZOOM online Meeting Room မှတဆင့် ကျင်းပပြုလုပ်ခဲ့ပြီး သဘာပတိများအဖြစ် မန္တလေးတိုင်းဒေသကြီးကွန်ပျူတာလုပ်ငန်းရှင်အသင်းနာယကများ ဖြစ်ကြသော ဆရာဦးတေဇာဝင်းနှင့် ဆရာမဒေါ်သီရိခေတ် တို့မှ တာဝန်ယူဆောင်ရွက်ခဲ့ကြပါသည်။
အဆိုပါအခမ်းအနားတွင် သဘာပတိမှအဖွင့်အမှာစကားပြောကြားခြင်း၊ စည်းကမ်းချက်များကိုဖတ်ကြားကြေညာခြင်း၊ မဲပေးမည့်ပုံစံကိုရှင်းလင်းတင်ပြခြင်း၊ အလုပ်အမှုဆောင် အဆိုပြုထားသူများအား အလုပ်အမှုဆောင်အဖြစ်ရွေးကောက်တင်မြှောက်ခြင်း နှင့် မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်အသင်းသို့ သွားရောက်တာဝန်ထမ်းဆောင်မည့် အလုပ်အမှုဆောင်များနှင့် အလုပ်အမှုဆောင်ကော်မတီ၏ ရာထူးတာဝန်များအား Online Voting စနစ်ဖြင့် မဲပေးရွေးချယ်ခဲ့ကြပါသည်။
ဆက်လက်ပြီး သဘာပတိအဖွဲ့မှ အလုပ်အမှုဆောင်ကော်မတီအသစ်၏အမည်နှင့် ရာထူးတာဝန်များအား အတည်ပြုဖတ်ကြားကြေညာပြီးနောက် (၂၀၂၁-၂၀၂၃)ခုနှစ် အလုပ်အမှုဆောင်သက်တမ်းအတွက် ဥက္ကဋ္ဌ အဖြစ်ရွေးချယ်တင်မြှောက်ခြင်းခံရသော ဆရာဦးမြင့်ဇော်မှနှုတ်ခွန်းဆက်စကား နှင့် သဘာပတိမှ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြပါသည်။ ထို့နောက် မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးပြီး အခမ်းအနားအား အောင်မြင်စွာပြီးဆုံးခဲ့ပါသည်။

Scroll to Top