Yangon Region Computer Industry Association

News Detail

ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာလုပ်ငန်းရှင်အသင်းသည် အသက်ရှူလမ်းကြောင်းဆိုင်ရာ COVID-19 ကမ္ဘာ့ကပ်ရောဂါကြီး မြန်မာနိုင်ငံအတွင်း Second Wave ဖြစ်ပွားနိုင်မှုကို ကြိုတင်ကာကွယ်ရာတွင် တစ်တပ်တစ်အားပါဝင်ဆောင်ရွက်မှု အနေဖြင့်လည်းကောင်း၊ အခြေခံပညာကျောင်းများမှ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ လုံခြုံဘေးကင်းစွာ ကျောင်းတက်နိုင်စေရန် ရည်ရွယ်ချက်ဖြင့်လည်းကောင်း ၂၀၂၀ ခုနှစ်၊ ဩဂုတ်လ (၁၈) ရက်နေ့တွင် တောင်ဥက္ကလာပမြို့နယ်ရှိ အမှတ်(၅)၊ အခြေခံပညာအထက်တန်းကျောင်း သို့ သွားရောက်ပြီး မြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ဆရာမကြီးတို့နှင့် တွေ့ဆုံကာ “MCIA-YGN Logo ပါ Reusable Cloth Mask များ”၊ “Fog Machine (ပိုးသတ်ဆေးဖြန်းစက်) နှင့် အပိုဆေးရည်ဘူး” များအား ပေးအပ်လှူဒါန်းခဲ့ပါသည်။
“Fog Machine (ပိုးသတ်ဆေးဖြန်းစက်) နှင့် အပိုဆေးရည်ဘူး” များအား ပါဝင်လှူဒါန်းပေးပါသော ဦးဇေယျာဖြိုး၊ Techno Visions Co., Ltd အားလည်း အထူးပင် ကျေးဇူးတင်ရှိပါသည်။

Scroll to Top