Yangon Region Computer Industry Association

News Detail

ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာလုပ်ငန်းရှင်အသင်းမှကြီးမှူး၍ စီးပွားရေးစတုတ္ထလှိုင်း“ Business 4.0: Innovate Your Business with AI, Blockchain, IoT & Big Data” ခေါင်းစဥ်ဖြင့် ကျင်းပပြုလုပ်သောICT Talk Panel Discussion အခမ်းအနားအား ၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလ (၇)ရက်နေ့၊နေ့လည် (၃း၀၀)နာရီမှ ညနေ (၅း၀၀)နာရီအထိရန်ကုန်မြို့၊ MICT Park ၊ Main Building ၊ Conference Hall ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာလုပ်ငန်းရှင်အသင်းဥက္ကဋ္ဌဦးမျိုးမင်းဦးမှ အသင်း၏အကြောင်းအရာအကျဥ်းချုပ်နှင့် ICT Talk ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားပေးခဲ့ပြီးပညာရေးဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းခိုင်မိုးမှ ICT Talk နှင့်စပ်လျဥ်း၍ Keynote Speech ပြောကြားပေးခဲ့ပါသည်။ ထို့နောက် Moderator အဖြစ် Mandalay Technology Co.,Ltdမှ Founder & CEO ဖြစ်သူဒေါက်တာဇော်နိုင်မှလည်းကောင်း၊ Panelist များအဖြစ် သတင်းအချက်အလက်နည်းပညာတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာစောစန္ဒာအေး၊ ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်းဥက္ကဋ္ဌဦးအောင်စိုးမိုး၊ TrustLinkCo.,Ltdမှ Technical Director ဖြစ်သူဦးငွေထွန်း၊ Thamardaw Health Market ၏ Founder & CEO ဖြစ်သူဦးအောင်ကိုကိုသက် တို့မှ ဆွေးနွေးပေးခဲ့ကြပါသည်။
ဆက်လက်ပြီးဆွေးနွေးပွဲသို့တက်ရောက်လာသောဧည့်ပရိတ်သက်များမှ သိရှိလိုသည်များကိုမေးမြန်းခဲ့ကြပြီးModerator နှင့် Panelists များမှပြန်လည်ဆွေးနွေးဖြေကြားပေးခဲ့ကြပါသည်။ထို့နောက် ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာလုပ်ငန်းရှင်အသင်း၏Public Relations Committee ဥက္ကဋ္ဌဦးမင်းကိုကိုမှ ကျေးဇူးတင်စကားပြောကြားပေးခဲ့ပြီးအမှတ်တရလက်ဆောင်နှင့် ဂုဏ်ပြုလက်မှတ်များပေးအပ်ခဲ့ပါသည်။ ဆွေးနွေးပွဲပြီးဆုံးချိန်တွင်လည်း Lucky Draw အစီအစဥ်အနေဖြင့် (Inverter +Battery) (၁)စုံ၊ (650 VA) UPS (၂)လုံး၊ Kaspersky Antivirus နှင့် Software များ၊ “The Age of Digital Economy and IoT” စာအုပ်(၉)အုပ်၊ 32G Memory Stick (10)ချောင်းတို့အားကံစမ်းမဲဖောက်ခြင်းနှင့် #ICT_Talkဖြင့် ပွဲအတွင်းpost တင်ပြီးlike အများဆုံးရရှိသူတစ်ဦးအားO-Shabu Buffet Gold Ticket (2 ယောက်စာ) တစ်ခုနှင့် “The Age of Digital Economy and IoT” စာအုပ် (၁)အုပ်တို့အားဆုချီးမြှင့်ပေးခဲ့ကြပါသည်။ ထို့နောက် အမှတ်တရဓါတ်ပုံများရိုက်ကူးခဲ့ကြပြီးအခမ်းအနားကိုအောင်မြင်စွာပြီးဆုံးခဲ့ပါသည်။
ဤအခမ်းအနားတွင် Sponsor အဖြစ်ပံ့ပိုးပေးခဲ့ကြသောMerry Mesh Network Integration Co.,Ltdနှင့် Galaxy Software Co.,Ltdတို့အားလည်းကောင်း၊ Small Booth ဝင်ရောက်ပြသခဲ့ကြပါသောRoyal Smart Co.,Ltd, Royal AyeyarwaddyCo.,Ltd, Genius Coffee နှင့် Unicode အခမဲ့ကူးပြောင်းခြင်းအစီအစဥ်အားပါဝင်အားဖြည့်ပေးခဲ့သောUnicode Migration Team တို့အားလည်းကောင်း၊ Lucky Draw အစီအစဥ်အတွက်ပါဝင်အားဖြည့်ပေးခဲ့ကြပါသောPrecision Focus Co.,Ltd, INNWA IT & Mobile, Youth International College, Nadi Myanmar Co.,Ltd , ICE Computer နှင့် O-Shabu Hotpot တို့အားအထူးပင်ကျေးဇူးတင်ရှိပါကြောင်းမှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

Scroll to Top