Myanmar Computer Industry Association ( UNDER CONSTRUCTION )

News Detail

ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာလုပ်ငန်းရှင်အသင်းမှ ကြီးမှူးကျင်းပသော “Business 4.0: Innovate Your Business with AI, Blockchain, IoT & BigData” ICT Talk ၏ စာနယ်ဇင်းရှင်းလင်းပွဲအား ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၂၇) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီတွင် ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာလုပ်ငန်းရှင်အသင်း ရုံးခန်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာလုပ်ငန်းရှင်အသင်း၏ အတွင်းရေးမှူး ဆရာဦးမြင့်ဇော် မှ အဖွင့်အမှာစကားပြောကြားပြီး အသင်း၏ ရည်ရွယ်ချက်နှင့် ဆောင်ရွက်မှုများကို ဆက်လက်ရှင်းလင်းပြောကြားခဲ့ပါသည်၊၊ ထိုနောက် ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာလုပ်ငန်းရှင်အသင်း၏ Public Relations Committee ဉက္ကဋ္ဌ ဦးမင်းကိုကို မှ ICT Talk ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပါသည်၊၊ ဆက်လက်၍ ICT Talk အခမ်းအနားတွင် Panelist အဖြစ်ပါဝင်ဆွေးနွေးပေးမည့် Thamardaw Health Market မှ Founder & CEO ဖြစ်သော ဦးအောင်ကိုကိုသက် မှ ICT Talk ဆွေးနွေးပွဲတက်ရောက်ခြင်းဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများအား Media များကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာလုပ်ငန်းရှင်အသင်း၏ Public Relations Committee အတွင်းရေးမှူး ဉီးကျော်ဖြိုးလင်းမှ ကျေးဇူးတင်စကားပြောကြားပြီး အခမ်းအနားအား အောင်မြင်စွာအဆုံးသတ်ခဲ့ပါသည်။

Scroll to Top