Yangon Region Computer Industry Association

News Detail

ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာလုပ်ငန်းရှင်အသင်း နှင့် ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်းတို့မှ ပူးပေါင်းကျင်းပသည့် Yangon ICT Fair (Sept-2019) ပြပွဲကို ၂၀၁၉ခုနှစ်၊ စက်တင်ဘာလ (၆)ရက်နေ့မှ (၈)ရက်နေ့အထိ ရန်ကုန်မြို့၊ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမတွင် (၃)ရက်တိုင်တိုင် ကျင်းပ ပြုလုပ် မည် ဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားကို ယနေ့ စက်တင်ဘာလ (၆) ရက်နေ့၊ နံနက် (၇:၃၀) နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦး၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် နာယက ဦးခွန်ဦး၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် ဥက္ကဋ္ဌ ဦးမင်းဇေယျာလှိုင်၊ ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာ လုပ်ငန်းရှင် အသင်းဥက္ကဋ္ဌ ဦးမျိုးမင်းဦး နှင့် ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာ ပညာရှင်အသင်းဥက္ကဋ္ဌ ဦးအောင်စိုးမိုးတို့မှ အောင်မြင်စွာဖြင့် ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။

Scroll to Top