Yangon Region Computer Industry Association

News Detail

ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာအသင်းများနှင့် GCN ( Game Cast Network) မှ ကြီးမှူးကျင်းပသော “ICT Challenge Yangon 2019” DOTA2 ပြိုင်ပွဲကြီးကို စက်တင်ဘာလ (၆၊၇၊၈) ရက်နေ့များတွင် တပ်မတော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြပါသည်။ ဤပြိုင်ပွဲအတွင်း 1 vs 1 Competition နှင့် Team vs Team Competition များကို ထည့်သွင်းယှဉ်ပြိုင်စေခဲ့ပါသည်။ Team vs Team Competition တွင်Champion အဖြစ်“Yangon Galaticos” မှ ဆုကြေးငွေ (၁၅)သိန်းကျပ်နှင့် DELL G7 7590 Laptop ကိုလည်းကောင်း၊ 1st Runner Up အဖွစျ “Outworld” မှ ဆုကြေးငွေ (၇)သိန်းကျပ်ကိုလည်းကောင်း၊ 2nd Runner Up အဖြစ် “Team Cyanide” မှ ဆုကြေးငွေ (၃)သိန်းကျပ်ကိုလည်းကောင်း၊ 3rd Runner Up အဖြစ်“King Panda Gaming”မှ ဆုကြေးငွေ (၁)သိန်းကျပ်ကိုလည်းကောင်း၊1 vs 1 Competition တွင်Champion အဖြစ်“MoMo” မှ 5BB Broadband Internet Package 15MB ကို တစ်နှစ်စာအခမဲ့ ကိုလည်းကောင်း၊ 1st Runner Up အဖြစ်‘WatG”မှ ဆုကြေးငွေ (၁)သိန်းကျပ်ကိုလည်းကောင်း အသီးသီး ပိုင်ဆိုင်ခဲ့ကြပါသည်။ ပြိုင်ပွဲများအပြင် Lucky Circle Wheel အစီအစဉ်များ၊ Lucky Draw အစီအစဉ်များ၊ ကိုအောင်ရဲမော်နှင့်1 vs 1 Challenge ကစားကာ အမှတ်တရလက်ဆောင်များ ရယူခွင့်အစီအစဉ်များဖြင့် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည် ။ ဤ “ICT Challenge Yangon 2019” ပြိုင်ပွဲကို Sponsor များအဖြစ်Lenovo, Dell နှင့် Asus, Accessories Sponsor များအဖြစ်Hp နှင့် Steelseries, Internet Partner အဖြစ် 5BB တို့မှ ပါဝင်ပံ့ပိုးပေးထားပါသည်။

Scroll to Top