Yangon Region Computer Industry Association

News Detail

ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာလုပ်ငန်းရှင်အသင်း၏
“Member Day” တွင် CSR Activity တစ်ခုအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာလုပ်ငန်းရှင်အသင်းမှ အလုပ်အမှုဆောင်များနှင့် အသင်းဝင်ကုမ္ပဏီများမှ တာဝန်ရှိသူများ၊ အလှူရှင်များအားလုံးစုပေါင်းကာအောက်တိုဘာလ (၅)ရက်နေ့၊ နံနက် (၉း၃၀) တွင် တွံတေးမြို့သို့ “Yangon Water Bus” ဖြင့်သွားရောက်ခဲ့ကြပြီးတွံတေးမြို့ရှိ Ebenezer (ဧဗနေဇာ) မိဘမဲ့ ပရဟိတဂေဟာတွင် ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာလုပ်ငန်းရှင်အသင်းမှ မတည်လှူဒါန်းငွေ ၁,၅၀၀,၀၀၀/- (တစ်ဆယ့်ငါးသိန်းကျပ်)၊ အသင်းဝင်ကုမ္ပဏီများနှင့် အလှူရှင်များမှ စုပေါင်းလှူဒါန်းငွေ ၁,၉၄၀,၀၀၀/- (တစ်ဆယ့်ကိုးသိန်းလေးသောင်းကျပ်) နှင့် လှူဒါန်းပစ္စည်းတန်ဖိုးငွေ ၁,၂၄၈,၀၅၀/- (တစ်ဆယ့်နှစ်သိန်းလေးသောင်းရှစ်ထောင်ငါးဆယ် ကျပ်) ၊ စုစုပေါင်းလှူဒါန်းတန်ဖိုးငွေ ၄,၆၈၈,၀၅၀/- (လေးဆယ့်ခြောက်သိန်းရှစ်သောင်းရှစ်ထောင်ငါးဆယ် ကျပ်) တိတိနှင့် မိဘမဲ့ကလေး (58) ဦးအတွက် အာဟာရဒါနနေ့လည်စာအားစုပေါင်းပါဝင်လှူဒါန်းခဲ့ကြပါသည်။
ထို့နောက် အလုပ်အမှုဆောင်များနှင့် အသင်းဝင်များအားလုံးနေ့လည်စာများသုံးဆောင်ခဲ့ကြပြီးတွံတေးမြို့ရှိ ရွှေဆံတော်ဘုရားနှင့် အိုးလုပ်ငန်းများသို့ သွားရောက်လေ့လာခဲ့ကြပါသည်။ နေ့လည် (၂း၃၀) တွင် ရန်ကုန်မြို့သို့ “Yangon Water Bus” ဖြင့် ပြန်လည်ထွက်ခွာခဲ့ကြပါသည်။
“Member Day” ခရီးစဥ်တွင် လိုက်ပါပေးခဲ့ကြသောအသင်းဝင်ကုမ္ပဏီများမှတာဝန်ရှိသူများ၊ ပါဝင်လှူဒါန်းပေးခဲ့ကြသောစေတနာရှင်၊ အလှူရှင်များအားလုံးအားရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာလုပ်ငန်းရှင်အသင်းမှ အထူးလှိုက်လှဲစွာကျေးဇူးတင်ရှိပါသည်။

Scroll to Top