Yangon Region Computer Industry Association

News Detail

ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာလုပ်ငန်းရှင်အသင်းမှ ကြီးမှူး၍ ကျင်းပပြုလုပ်မည့် ICT Knowledge Sharing Program ၌ ICT နည်းပညာနှင့် ပါတ်သက်သော ထုတ်ကုန် ပစ္စည်းအသစ်များ၏ နည်းပညာအသစ်အဆန်းများ၊ ICTနည်းပညာဆိုင်ရာ ဗဟုသုတများ၊ အတွေ့အကြုံများအား 15 Minutes စာ Video ရိုက်ကူး၍ ဝါရင့်နည်းပညာရှင်၊ အသိပညာရှင်၊ အတတ်ပညာရှင်များမှ နှီးနှောဖလှယ်ပေးသွားမည်ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ Program တွင် ဟောပြောပို့ချလိုသော
ဆရာ၊ ဆရာမ လူကြီးမင်းများအနေဖြင့်
လူကြီးမင်းတို့၏
*အမည်*၊
*လုပ်ငန်း၊ဌာနအမည် (သို့) ကုမ္ပဏီအမည်*၊
*ရာထူး*၊
*ဟောပြောပို့ချလိုသည့် အကြောင်းအရာနှင့် ခေါင်းစဥ်* တို့ကို ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာ လုပ်ငန်းရှင်အသင်း၏ Email, Viber, WhatsApp, Telegram အစရှိသည့် Online Channels များမှနေ၍ စာရင်းပေးပို့ ပါဝင်နိုင်ပါကြောင်း သတင်းကောင်းပါး ဖိတ်ကြားအပ်ပါသည်။

လေးစားစွာဖြင့်
ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာလုပ်ငန်းရှင်အသင်း

Email: yangonmcia@gmail.com
Viber/ Telegram/ WhatsApp No: 09-262500762, 09-425022976

Scroll to Top