Yangon Region Computer Industry Association

Event Detail

“Building Leadership Mindset: ခေါင်းဆောင်မှုစိတ်နေစိတ်ထားတည်ဆောက်ခြင်း” Free Seminar ပွဲအား Facebook Live ပုံစံဖြင့် ပြောင်းလဲကျင်းပသွားမည်ဖြစ်ကြောင်း၊ အသိပေးအကြောင်းကြားခြင်း။

အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာလုပ်ငန်းရှင် အသင်းမှ ကြီးမှူးကျင်းပမည်ဖြစ်သော “Building Leadership Mindset: ခေါင်းဆောင်မှုစိတ်နေစိတ်ထား တည်ဆောက်ခြင်း” Free Seminar ပွဲအား ၂၀၂၀ခုနှစ်၊ မတ်လ (၂၁)ရက်နေ့၊ နေ့လည် (၂း၀၀)နာရီမှ ညနေ (၅း၀၀)နာရီ အထိ MICT Park, Main Building, Room (203) ၌ကျင်းပပြုလုပ်သွားရန်အတွက်စီစဥ်ထားရှိပါသည်။
သို့သော် ယခုလက်ရှိဖြစ်ပွားနေသော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease 2019 (COVID-19) ကူးစက်ရောဂါဖြစ်ပွားမှုကာကွယ်ရန်အတွက် နိုင်ငံတော်သမ္မတရုံးမှ ၂၀၂၀ခုနှစ်၊ မတ်လ (၁၁)ရက်နေ့တွင်ထုတ်ပြန်ခဲ့သော ကြေငြာချက်အမှတ် ၁/၂၀၂၀ အရ လူစုလူဝေးဖြင့်ကျင်းပ သော အခမ်းအနားများ၊ ပွဲလမ်းသဘင်များ မပြုလုပ်ကြရန် တားမြစ်ထားသည့်အတွက် ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာလုပ်ငန်းရှင်အသင်းမှ “Building Leadership Mindset: ခေါင်းဆောင်မှုစိတ်နေစိတ်ထား တည်ဆောက် ခြင်း” Free Seminar ပွဲအား Facebook Live ပုံစံဖြင့် ယခင်ကျင်းပရန်စီစဥ်ထားသော ၂၀၂၀ခုနှစ်၊ မတ်လ (၂၁)ရက်နေ့တွင် နေ့လည် (၂း၀၀)နာရီမှ ညနေ (၅း၀၀)နာရီအတွင်း ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာလုပ်ငန်းရှင် အသင်း ၏ Facebook Page (https://www.facebook.com/MCIA.Yangon/) မှ တိုက်ရိုက် Live ထုတ်လွှင့် ပေးသွားမည်ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ လူကြီးမင်းများအနေဖြင့် “Building Leadership Mindset: ခေါင်းဆောင်မှု စိတ်နေစိတ်ထားတည်ဆောက်ခြင်း” Seminar ပွဲအား ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာလုပ်ငန်းရှင်အသင်း၏ Facebook Page မှတစ်ဆင့် တိုက်ရိုက်ကြည့်ရှု နားဆင်နိုင်ပါကြောင်းနှင့် သိရှိလိုသည်များကိုလည်း တိုက်ရိုက် Live Comment မှတဆင့်မေးမြန်းဆွေးနွေးနိုင်ပါကြောင်း လေးစားစွာအသိပေးအကြောင်းကြားအပ်ပါသည်။

Scroll to Top